ကြက်သွန်နီမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကို သက်သာစေနိုင်သလို အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကြက်သွန်နီ အစိမ်းမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနီုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အရိုးပါးတာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ကြက်သွန်နီ အစိမ်းမှာပါတဲ့ allyl propyl disulfide လို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကလည်း အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် ကြက်သွန်နီကို အစိမ်းစားပေးတာက ကယ်လ်လိုရီ ပါဝင်မှု နည်းသလို အဆီလည်း ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အစားအစာလေးပါ။
ကြက်သွန်နီက ကျန်းမာရေး ကောင်းကျိုး များတယ်ဆိုပေမယ့် အများကြီးတော့ မစားသင့်ပါဘူး။ ရင်ပူတာမျိုး၊ ပါးစပ်ထဲ ပူစပ်ပူလောင် ဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။ ကိုယ့်မှာ အစာအိမ်ရောဂါရှိရင်၊ စားချဉ့်ပြန်တတ်တဲ့ ရောဂါရှိရင် အစိမ်းစားတာကို ရှောင်သင့်ပါတယ်။