သတင်း

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား !

2024-06-04

မျက်စိနာတာက ကိုယ်တိုင်အတွက် အတော်လေး နေရခက်သလို ပတ်ဝန်းကျင်ကသူတွေကိုလည်း စိုးထိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ငါ့ကိုများ ကူးလေမလားဆိုပြီးပေါ့။ လူကြီးတွေဆိုရင် မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုပြီး တားတတ်ကြပါတယ်။ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား ဆိုတာနဲ့ မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

မျက်စိနာတာက အဖြစ်များသလား!

မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ 

မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ စသဖြင့် နည်းအမျိုးမျိုးနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။

အခြားသတင်းများ