မြန်မာလူမျိုး တော်တော်များများက အသားလှုပ်နိမိတ်ကို ယုံကြည်ကြသလို မျက်ခမ်းလှုပ်တယ်၊ မျက်ခုံးလှုပ်တယ်ဆိုရင် စိတ်မကောင်းစရာ၊ စိတ်ဒုက္ခဖြစ်စရာတွေကို ခံစားကြုံတွေ့ရတော့မယ်ဆိုတဲ့ နိမိတ်လို့ ယုံကြည်ကြပါတယ်။ တကယ်ပဲ မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား! ပေါ့။ ပရိသတ်ကြီးရော ဘယ်လို ထင်လဲ!
သတင်း
မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!
2024-06-04
မျက်ခမ်းလှုပ်တယ်ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ မျက်ခမ်းလှုပ်တာက တစ်ခါတလေမှာ မျိုးရိုးလိုက်တာမျိုး ဖြစ်နိုင်ပါသေးတယ်။
တကယ်ကတော့ မျက်ခမ်းလှုပ်တယ်ဆိုတာက မျက်လုံးတဝိုက်က ကြွက်သားလေးတွေက အရမ်း ပင်ပန်းလွန်းတာမျိုး ဖြစ်တဲ့ အချိန်တွေနဲ့ အိပ်ရေးပျက်တာ များတာမျိုး အချိန်တွေမှာ ခံစားရနိုင်တဲ့ မျက်လုံးပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။