ညဘက်တွေကိုလည်း အိပ်ချိန် ၈ နာရီ ကနေ ၉ နာရီ ရှိပါတယ်။ အိပ်ရေးလည်း ဝပါတယ်။ ဒါပေမယ့် အိပ်ရာနိုးလာချိန်မှာတော့ မျက်လုံးတွေက ပင်ပန်းနေပြီး မျက်အိတ်ကလည်း ဖောင်း မျက်ကွင်းကလည်း ညိုနေတယ်။ ဒီလိုမျိုး အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ ဆိုတာကို သိချင်နေပြီလား ….. ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါ။
အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ!
2024-06-04
အိပ်ရေးဝပါလျက် မျက်ကွင်းညိုနေရတာ ဘာကြောင့်လဲ!
မျက်ကွင်းညိုတာက တစ်ခါတလေမှာ အိပ်ရေးမဝတာကြောင့် မဟုတ်ပါဘူး။ စိတ်ဖိစီးတာ
- ဓာတ်မတည့်တာ
မျက်လုံး ဓာတ်မတည့်မှုကလည်း မျက်လုံးတွေကို ပင်ပန်းပြီး မျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးထဲကို ဝတ်မှုန် အပါအဝင် အမှုန်လေးတွေ ဝင်တာ၊ ကြောင်မွေးတွေနဲ့ ထိတွေ့မိတာတွေကြောင့်လည်း ခန္ဓာကိုယ်မှာ histamine လို့ခေါ်တဲ့ ဓာတုပစ္စည်း ထွက်ရှိစေပြီး မျက်လုံးအောက်က သွေးကြောလေးတွေထဲမှာ သွေးစီးဆင်းမှု တိုးစေပြီး ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။
- ရေဓာတ်ခမ်းခြောက်တာ
ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာက ခန္ဓာကိုယ်ကို ပင်ပန်းစေပြီး မျက်လုံးတွေကို ရောင်ရမ်းတာ၊ မျက်ကွင်းညိုတာတွေကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ မျက်စိတဝိုက်က အသားအရေ
- ဆား အစားများတာ
- ကဖင်းတွေ အများကြီးသောက်တာ
-
မနက်ခင်းမှာ ကော်ဖီ တစ်ခွက်လောက် သောက်တာက ကိစ္စ မရှိပေမယ့် တစ်နေ့တာကို ကော်ဖီ ၄ ခွက် ကနေ ၅ ခွက်လောက်အထိ သောက်သုံးတာက ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပြီး မျက်ကွင်းညိုတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ချောကလက်၊ အားဖြည့်အချိုရည်၊ ကိုလာ စတာမျိုးတွေကို အလွန်အကျွံ စားသုံးတာမျိုး မလုပ်ပါနဲ့။
- မျက်စိညောင်းတာ
တစ်နေကုန် ဖုန်းတွေ၊ ကွန်ပျူတာတွေ အသုံးပြုတာကို တစ်ချိန်လုံး အသုံးပြုမယ်ဆိုရင်တော့ မျက်လုံးတဝိုက်က သွေးကြောလေးတွေ ကျယ်လာပြီး မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် စခရင်မ်တွေကို မိနစ် ၂၀ ကြည့်ပြီးတိုင်း မျက်လုံးကို အနားပေးဖို့ မမေ့ပါနဲ့။ တကယ်လို့ လိုအပ်မယ်ဆိုရင်တော့ မျက်မှန်တပ်တာမျိုး လုပ်ပေးပါ။
- စိတ်ဖိစီးတာ
နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကလည်း မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝပါရက် မျက်ကွင်းတွေ ညိုနေပြီဆိုရင်တော့ စိတ်ဖိစီးနေပြီလား ဆိုတာကို ဆန်းစစ်ကြည့်ပါ။
- အရက်တွေ အလွန်အကျွံ သောက်တာ
အရက်တွေ၊ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို အလွန်အကျွံ သောက်တာကလည်း ကိုယ်တွင်းမှာ ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေပြီး မျက်ကွင်းညိုတာကို ဖြစ်စေနိုင်ပါတယ်။
- မျိုးဗီဇ
- တချို့တွေက ခုပြောခဲ့တဲ့ အချက်တွေ ဘာမှမရှိပါဘဲနဲ့ မျက်ကွင်းညိုနေတာပါ။ Eye creamတွေ လိမ်းလည်း မသက်သာကြပါဘူး။ ဒါဆိုရင်တော့ မျိုးဗီဇကြောင့် ဖြစ်နိုင်ပြီး ဒါကတော့ ဘာမှလုပ်လို့ မရပါဘူး။
အခုလောက်ဆိုရင် အိပ်ရေးပျက်တာအပြင် ဘယ်လိုအချက်တွေက မျက်ကွင်းညိုစေနိုင်လဲဆိုတာကို သိသွားပြီ ဟုတ် …..