သတင်း

မြစ်ကြီးနားမြို့နယ်၊ ဧရာထွန်းလယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

2024-08-16

မြစ်ကြီးနား၊ ဩဂုတ် ၁၆

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာထွန်းလယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

          အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က သမဝါယမ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍မှာကြားခဲ့ပြီး၊ အသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုပြီး အသင်းသားများ၏ အစုပေါ်အမြတ် ငွေကျပ် ၈၂၆၉၃၀၊ စုဆောင်းငွေပေါ်အတိုးငွေကျပ် ၄၉၁၃၂၅၀ အား ပေးအပ်ပြီးနောက် တက်ရောက် လာသောအသင်းသား/အသင်းသူ ၁၇၅ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ငွေကျပ် ၈၇၅၀၀၀ ကို ပေးအပ်ခဲ့သည်။

          အစည်းအဝေး ဒုတိယပိုင်းတွင် အသင်းအမှုဆောင်သစ်ရွေးချယ်ပွဲကို မြို့နယ်ဖွဲ့စည်းရေး ကော်မတီအဖွဲ့က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့် အညီ အမှုဆောင်အဖွဲ့ ၅ ဦးကို ရွေးချယ် ခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience