သတင်း

တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ခေါင်းဆေးကျွန်းကျေးရွာနှင့်ရွာသာ လက္ခုပင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံ

2026-05-06

ဟင်္သာတ မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်ရှိ ခေါင်းဆေး ကျွန်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများအား အသင်းပိုင် ကိုင်းမြေဧက ၆၃.၅ မှ မြေပဲ၊ ပဲပုပ်နှင့်စားဖိုဆောင်သီးနှံများ တိုးမြှင့် ထုတ်လုပ်နိင်ရေး၊ အသင်းသားတောင်များ၏ မျိုးနှင့်သွင်းအားစုလိုအပ်ချက်များ ပံပိုးနိုင်ရေး စာရင်းပြုစုညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ ရွာသာလက္ခုပင်ကျေးရွာရှိ ရွာသာလက္ခုပင်စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါးအချိန်မှီ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ လူမှုစီးပွား(သက်တန့်ရောင်) စီမံကိန်းဆောင်ရွက်မည့် အသင်းသား(၇)ဦးတို့၏ လယ်ဧက (၅၀)အတွက် (၁)ဧကလျှင်(၀.၂၈၈)သန်းတန်ဖိုးရှိ မျိုးနှင့်သွင်းအားစုဖိုးအတွက် ပံ့ပိုးစရိတ်(၁၄.၄)သန်း တန်ဖိုးတို့အား မိုးစပါးအချိန်မှီစိုက်ပျိုးချိန်တွင် ပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience