သတင်း

ပေါက်ခေါင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး

2024-08-15

ပေါက်ခေါင်း  ဩဂုတ်  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှင့်ညီမျှသော သွင်းအားစုများအား အခြေခံသမဝါယမအသင်း(၈)သင်း၊ အသင်းသား(၃၃၄)ဦး၏ ဝါစိုက်ဧက(၁၀၀၀)အတွက် ငွေကျပ်သိန်း(၂၀၀၀)အား ပံ့ပိုးပေးခဲ့ပြီး ငါးခူအိုင်ကျေးရွာအုပ်စု ငွေလမင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးအောင်မြင့်သိန်း၏ ဝါစိုက်ခင်းမှ RAKA-666 မျိုးစိုက်ပျိုးထားရှိမှုအား ဩဂုတ်လ ၁၁ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုတို့မှတာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience