သတင်း

စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

2024-08-13

စေတုတ္တရာ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၁၁ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးမိုးတင်က ဆောင်ရွက်၍ အသင်းအား ၁၉၈၀ ခုနှစ်မှ စတင်ဖြစ်တည်လာပုံနှင့် အသင်း၏ အ‌ခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဟိန်းထက်အောင်က အမှာစကားပြောကြားခြင်း၊ မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးညီညီနိုင်က သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရှုံးအမြတ်စာရင်း၊ အမြတ်ခွဲဝေစာရင်း၊ ဘဏ္ဍာရေးအခြေပြုလက်ကျန်ရှင်းတမ်းများ၊ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေးရှင်းတမ်းများ အပေါ် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒများရယူ၍ သဘာပတိက အတည်ပြုခဲ့သည်။

စေတုတ္တရာမြို့နယ် "စေတနာမွန်" ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အနေဖြင့် ယနေ့အထိ အစိုးရဝန်ထမ်းပေါင်းစုံအသင်းသူ/သား ၈၆၈ ဦးပါဝင်၍ ယင်းတို့၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အသင်းသူ/သားများအား အစုအပေါ်အမြတ် ငွေကျပ် ၁၅၂၀၈၂၀၀ ထောက်ပံ့ကာ ငွေကျပ် ၄၅၀၀၀၀ လက်ဆောင်ငွေထုတ်ပေးထားကြောင်း သိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience