သတင်း

အမရပူရမြို့နယ် ဘောဘုံကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ပြန်လည်ထုတ်ချေး

2024-08-08

အမရပူရမြို့နယ် ဘောဘုံကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ပြန်လည်ထုတ်ချေး

မန္တလေး ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဝင် ကျေးရွာဖြစ်သည့် ဘောဘုံကျေးရွာ အတွက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင် များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆဌမအကြိမ်အဖြစ် အမရပူရမြို့နယ် ဘောဘုံကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၃၄ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၇ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦး စုစုပေါင်းအသင်းသား ၇၂ ဦးအတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၂၅၃ သိန်းကို ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း အမရပူရမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ပြောပြ၍ သိရ သည်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience