သတင်း

မိတ္ထီလာမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေး

2024-08-08

မိတ္ထီလာမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေး

မိတ္ထီလာ  ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြွယ်ကန်ကျေးရွာအုပ်စု၊ သဘွတ်ကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့်ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)အား ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမိုးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း တာဝန်ခံဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအဖွဲ့ဝင်များထံ လည်ပတ်ရန်ပုံငွေကျပ် ၂၃၆ ဒသမ ၅ သိန်းအား လွှဲပြောင်းပေးအပ်သည်။
 

‌ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ပဉ္စမအကြိမ်အဖြစ် မိတ္ထီလာမြို့နယ်၊ သဘွတ်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၁ ဦး ငွေကျပ် ၂၂၆ ဒသမ ၅ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး ငွေကျပ် ၁၀ သိန်း ၊ စုစုပေါင်း ၄၂ ဦးအတွက် ငွေကျပ် ၂၃၆ ဒသမ ၅ သိန်းအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအဖွဲ့ဝင်များက နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ဝါဝါမိုးထံမှ သိရသည်။
 
 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience