သတင်း

မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးကြိုဝါစိုက်ပျိုးထွက်ရှိမှုအား တိုင်းဦးစီးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေး

2024-08-07

မြစ်သား သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦး၊  မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့်တာဝန်ရှိသူများသည် သြဂုတ် ၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြိုင်ကုန်းကျေးရွာ၊ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်း၊ အသင်းသားတောင်သူများ၏ မိုးကြိုဝါစိုက်ပျိုးထွက်ရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါ  စိုက်ခင်းတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး  ဦးထွန်းဇော်ဦးက ဒေသခံဝါစိုက်အသင်းသားတောင်သူများကို ဝါစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး ဝါစိုက်အသင်းသားတောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ရာ လိုအပ်ချက် များကို  ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံအသင်းသားတောင်သူများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးကြိုဝါစိုက်ပျိုးဧက (၅၀၇)ဧကကို အသင်းသားတောင်သူ (၁၇၆) ဦး တို့က  စိုက်ပျိုးခဲ့ရာ ဝါစိုက်ပျိုးသည့် အသင်းသားတောင်သူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ် ကြောင်း၊ တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသည့် မျိုးနှင့်သွင်းအားစုပစ္စည်းများ အချိန်မီပံ့ပိုး ပေးသွားရန်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience