သတင်း

မင်းလှမြို့နယ် ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

2024-08-07

မင်းလှ ဩဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၅ ရက်နေ့က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးသောင်းကြည်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်သက်နွယ်က သမဝါယမဦးစီးဌာနမှ ပြည်သူများအတွက် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် အသင်း၏စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသင်းအမှုဆောင်အဖွဲ့က အသင်း၏လုပ်ငန်းအခြေအနေများကို အသင်းသားများသို့ ချပြရှင်းလင်း၍ သဘောတူညီချက် ရယူကာ အသင်းသားများအား လက်ဆောင်ပစ္စည်းများနှင့် အကျိုးခံစားခွင့်ငွေများ စုစုပေါင်းငွေကျပ် (၁၅၃၅၈၄၀) ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience