သတင်း

Geophysical Survey တိုင်းတာခြင်းသင်တန်းဖွင့်ပွဲကျင်းပ

2024-08-06

Geophysical Survey တိုင်းတာခြင်းသင်တန်းဖွင့်ပွဲကျင်းပ

▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဩဂုတ် ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဌာန၏ စက်ရေတွင်းတူးဖော်ရေးလုပ်ငန်းများ မြေပြင်မှာ အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အခါမှာ အမှားအယွင်းနည်းအောင် မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပြီး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက်  Geophysical Survey တိုင်းတာခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်း ၃:၀၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာ စကားပြောကြားရာ “ခုသင်တန်းကို တက်ရောက်လာကြတဲ့ ဝန်ထမ်းအများစုဟာ လက်တွေ့မှာ Geophysical Survey တိုင်းတာနေကြတဲ့ ဝန်ထမ်းများဖြစ်သည့်အတွက် ဒီသင်တန်းမှာ စာတွေ့၊ လက်တွေ့ သင်ကြားတာတွေအပြင် ယခင်ဆောင်ရွက်ခဲ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး အချင်းချင်းအပြန်အလှန်ဆွေးနွေးပြီး အတွေ့အကြုံများ ဖလှယ်ပြီး မျှဝေစေခြင်ပါကြောင်း၊ သင်တန်းက ပို့ချပေးလိုက်တဲ့ နည်းပညာများ၊ နည်းစနစ်များကို မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်းမှာရှိတဲ့ ခရိုင်၊ မြို့နယ် ဝန်ထမ်းတွေကို ခရိုင်အလိုက် Geophysical Surveyတိုင်းတာရေးအဖွဲ့များဖွဲ့ပြီး မြေပြင်တွင် တိုင်းတာနိုင်ဖို့ ပြန်လည်သင်ကြားပေးစေလိုပါကြောင်း၊ Geophysical Survey တိုင်းတာခြင်းမှ ရရှိလာတဲ့ ရလဒ်(Result)တွေမှန်ကန်တိကျမှုရှိလာပြီး ပြည်သူများအတွက် ပိုမိုထိရောက် အကျိုးရှိတဲ့ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်စေရန် ကြိုစားလေ့လာ သင်ယူသွားကြရန်” ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ(၅-၈-၂၀၂၄)ရက်နေ့မှ(၉-၈-၂၀၂၄)ရက်နေ့ထိ( ၅ )ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience