သတင်း

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝန်ထမ်းမိသားစုဆန္ဒဖော်ထုတ်ပွဲ (၂/၂၀၂၄) နှင့် ထောက်ပံ့ပစ္စည်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

2024-08-05

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဝန်ထမ်းမိသားစု ဆန္ဒဖော်ထုတ်ပွဲ (၂/၂၀၂၄)နှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၅.၈.၂၀၂၄)ရက်၊ နေ့လည်(၃း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဦးဝင်းနိုင်ထွန်း(ဒုတိယပါမောက္ခချုပ်(စီမံ))၊ ဒေါက်တာဥမ္မာစံ(ဒုတိယပါမောက္ခချုပ်(သင်ကြား))၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ စီမံ/သင်တန်း/သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများနှင့် စီမံ/သင်တန်း/သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် ဆရာ၊ဆရာမများအနေဖြင့် Student Center ဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူများ နားလည်တတ်ကျွမ်းသည်အထိ အဓိကထား သင်ကြားပေးကြရန်၊ ဆရာ၊ ဆရာမများ၏ အဓိကတာဝန်မှာ Teaching and Research များတွင်လည်း တိုးတက်မှု ရှေးရှုကြိုးစားကြရန်၊ မိမိအရည်အသွေးကို စဉ်ဆက်မပြတ်တိုးတက်အောင် လုပ်ဆောင်ရန်၊ အကျိုးပြုသုတေသန လုပ်ငန်းများလည်း လုပ်‌ဆောင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာပြီးမိမိတို့ တိုးတက်ရာ တိုးတက်ကြောင်း အစဉ်ရှေးရှု ကြိုးစားကြရန်၊  ဝန်ထမ်းမိသားစုများအနေဖြင့် မိမိတက္ကသိုလ်၏ Vision, Mission များကို ဦးတည်၍ တက္ကသိုလ်၏ ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက် ကြိုးစားသွားကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ လိုက်နာကြရန်၊ ဝန်ထမ်းများ၏ အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြရန်၊ ဝန်ထမ်းမိသားစုများအနေဖြင့် လေ့လာပါ၊ သင်ယူပါ၊ မှတ်သားပါ၊ လက်တွေ့ လုပ်ပါ၊ ရာထူးနဲ့ထိုက်တန်ရန် ပြုမူဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီးနောက် ပထမပိုင်း အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ 

ဆက်လက်၍ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်နှင့်အညီ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် HRD Programs များဖြစ်သည့် MPA,MBA,MAR Program များ၏ အစီအစဉ်ဖြင့် ဝန်ထမ်း(၂၇၄)ဦးအတွက် တစ်ဦးလျှင် စားသုံးဆီ(၅၀)ကျပ်သားနှင့် ဆန်(၁)ပြည်နှုန်းဖြင့် စုစုပေါင်း ဆီ(၁၃၇)ပိဿာ နှင့် ဆန်(၂၇၄)ပြည်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် သက်ဆိုင်ရာ Program Director (၃)ဦးတို့က ဌာနအသီးသီးမှ ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ပြီးနောက် ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience