သတင်း

မိုးစပါးနှင့် ပီလောပီနံစိုက်ပျိုးသည့် သမဝါယမအသင်းများသို့ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်များ ပံ့ပိုးပေးအပ်

2024-08-08

ကျုံပျော် ဩဂုတ် ၈

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးသည့် အင်းမကျေးရွာရှိ သုခဖြိုးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် မိုးစပါးစိုက်ဧက ၁၀၀ အတွက် စိုက်ပျိုးစရိတ်ပံ့ပိုးငွေကျပ်သိန်း ၂၀၀ အား ပံ့ပိုးပေးအပ်ခဲ့သည်။

ထို့ပြင် ပီလောပီနံစိုက်ပျိုးသည့် ကျုံပျော်မြို့နယ်၊ ကညင်ဆိုင်ကျေးရွာရှိ ရွှေကညင် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ အင်းတရော်ကျေးရွာရှိ ပိုမိုပြည့်စုံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ လှည်းဆိပ်ကျေးရွာရှိ ရွှေဥဒေါင်းစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းများမှ အသင်းသားများသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ပီလောပီနံ စိုက်ဧက ၃၀၀ အတွက် စိုက်ပျိုးစရိတ်ပံ့ပိုးငွေကျပ်သိန်း ၆၀၀ အား ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience