သတင်း

ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာ၌ ဒသမအကြိမ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေး

2024-09-09

ပူတာအို   စက်တင်ဘာ   ၉

          ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဒသမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပြန်လည် ထုတ်ချေးခြင်းကို စက်တင်ဘာ ၈ရက် နံနက်ပိုင်းတွင် လန်းတောင်ကျေးရွာအုပ်စု၊ လန်းတောင် ကျေးရွာ ဘာသာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်က ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်၊ ရရှိလာမည့်အကျိုးကျေးဇူးများနှင့် လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေ ထုတ် ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၇၁ ဒသမ ၄သန်းကို လွှဲပြောင်းပေးအပ်သည်။

          ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လန်းတောင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၁ဦးကို ငွေကျပ်  ၃၂ ဒသမ ၄သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၆ဦးကို ငွေကျပ် ၃၁သန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦးကို ငွေကျပ် ၈သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၆၃ဦးကို ဒသမအကြိမ်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၇၁ ဒသမ ၄သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience