သတင်း

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းသက်သာကုန်မျိုးစုံအရောင်းဆိုင်နှင့် ဝန်ထမ်းစားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း

2024-09-05

နေပြည်တော် စက်တင်ဘာ ၅

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ  ယနေ့နံနက်ပိုင်းက  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)တွင် ဖွင့်လှစ်ထားရှိသည့် ဝန်ထမ်းသက်သာကုန်မျိုးစုံအ‌ရောင်းဆိုင်နှင့် ဝန်ထမ်းစားရိပ်သာတို့ကို လာရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ဝန်ထမ်းသက်သာ ကုန်မျိုးစုံအရောင်းဆိုင်တွင် ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆန်/ဆီနှင့် အခြေခံစားသောက်ကုန်စည်များ၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ ရောင်းချ‌ပေးနေမှုနှင့် ဝန်ထမ်းစားရိပ်သာတွင် ဝန်ထမ်းများအား ထောက်ပံ့ကျွေးမွေးမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ သက်သာချောင်ချိ‌ရေးအတွက် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး၊ ရောင်းချသည့်ပစ္စည်းများ ကောင်းမွန်မှုရှိစေရေး၊ ဆန်/ဆီများကို ဝယ်ယူနိုင်သည့် အချိန်အတွယ်အတိုင်း ရောင်းချပေးနိုင်ရေး၊ ‌ရောင်းချသည့်ပစ္စည်းများပြတ်တောက်မှုမရှိစေရေး မှာကြားပြီး ဝန်ထမ်းစားရိပ်သာတွင် ဝန်ထမ်းများအတွက် နေ့လည်စာကျွေးမွေးနိုင်ရေး စီမံချက်ပြုတ်နေမှုတို့ကို ကြည်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience