သတင်း

သမဝါယမအသင်းသားပိုင် လယ်ယာမြေများ၌ နေကြာစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

2024-09-03

တောင်ကြီး  စက်တင်ဘာ ၃

          ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ သံတဲကျေးရွာ ကွမ်လုံကျေးရွာအုပ်စု လူရိုးတောင်ကျေးရွာနှင့် နောင်မွန်ကျေးရွာတို့မှ အသင်းသားပိုင်လယ်ယာမြေများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပွေးလှကျေးရွာ ဆင်မင်းလယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းနှင့် ကျားကုန်းကျေးရွာ အောင်မြင်သစ်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းတို့မှ သမဝါယမအသင်းသားပိုင် လယ်ယာမြေများ၊ ညောင်ရွှေမြို့နယ် တိလော ကျေးရွာ   မနောသုခစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားပိုင် လယ်ယာမြေတို့တွင် ဆီနေကြာစိုက်ပျိုးနိုင်ရေးအတွက် စက်တင်ဘာ ၁ ရက်နေ့က ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် မြို့နယ်အတွင်းရှိ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

          ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က ပြည်နယ်အတွင်း နေကြာစိုက်ဧက ၅၀၀၀ လျာထားချက်ပြည့်မီစွာ စိုက်ပျိုး နိုင်ရေးအတွက် သမဝါယမအသင်းသားတောင်သူများ လိုအပ်သောမျိုးစေ့နှင့် သွင်းအားစုများကို သမဝါယမအသင်းအဆင့်ဆင့်ချိတ်ဆက်၍ ပံ့ပိုးမည့် အစီအစဉ်များ မှာကြားခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience