သတင်း

ရာမညမြေ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

2024-09-02

မော်လမြိုင်  စက်တင်ဘာ   ၂  

        မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရာမညမြေ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို မွန်ပြည်နယ်သမဝါယမဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

              အဆိုပါအစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးသန်းနိုင်က အမှာစကား ပြောကြားပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌတို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍  ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ဆွေးနွေးသဘောတူညီချက် ရယူကာအတည်ပြုခဲ့သည်။ ထို့နောက် လစ်လပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးအား အစားထိုး ရွေးချယ်ခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience