သတင်း

ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးသွားသော ပဲကြီးကျွန်း-ပေါက်တပင်-ဆိပ်သာ - ကြွက်ကျွန်းလမ်းအား ကြည့်ရှုစစ်ဆေး

2024-09-02

ဟင်္သာတ စက်တင်ဘာ ၁

           ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော ပဲကြီးကျွန်း-ပေါက်တပင်-ဆိပ်သာ - ကြွက်ကျွန်းလမ်းအား သြဂုတ် ၃၁ ရက်က ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

        အဆိုပါ လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာသို့ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းနှင့် ဟင်္သာတခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကိုသိန်းဇော်လင်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဟင်္သာတမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးရဲနီလင်းက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လမ်း၊ တံတားအခြေအနေများကို ရှင်းလင်းတင်ပြရာတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience