သတင်း

ကြံခင်းမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

2024-08-30

ကြံခင်း ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို ဩဂုတ် ၂၈ ရက်က အဆိုပါဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုလီမိတက် အမှုဆောင်ကော်မတီ(ဥက္ကဋ္ဌ)သဘာပတိ ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက်၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးကျော်နိုင်ထွန်းက သမဝါယမဦးစီးဌာန၏ ဆောင်ရွက်နေသော မူဝါဒဆိုင်ရာများနှင့် ဥပဒေ/နည်းဥပဒေဆိုင်ရာများ၊ သမဝါယမစနစ်နှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားပြီးနောက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော(၃)ဘာသာဂုဏ်ထူးရှင် မောင်စည်သူထွန်းနှင့် (၂၀၂၄)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင် (၄)ဘာသာဂုဏ်ထူးရှင်၊ (နှစ်ထပ်ကွမ်းလူရည်ချွန်) ဆုရမောင်ကောင်းခန့်ကျော်တို့အား ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်သန္တာက သမဝါယမအသင်း၏ ချေးငွေလုပ်ငန်း နှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားပြီးနောက်၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ အမှုဆောင်အစီရင်ခံစာ ဖတ်ကြား ခြင်းနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကို အသင်းအမှုဆောင်များက ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာကြသော ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကြပြီးနောက်၊ သဘာပတိက နိဂုံးချုပ်စကား ပြောကြားရာတွင် (၅)နှစ်တာသက်တမ်းပြီးဆုံးသဖြင့် အသင်းမှနှုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ကြံခင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ စတင်ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းကဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် အမှုဆောင်အသစ်အား ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ရွေးချယ်ပေးမှာဖြစ်သလို၊ အသင်းသား ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်သူအား အဆိုပြုရွေးချယ်နိုင်ပါကြောင်း အမှာစကား ပြောကြားပြီးနောက်၊ တက်ရောက်လာကြသောကိုယ်စားလှယ်များမှ အမှုဆောင်သစ်နှင့် အသင်းသား စာရင်းစစ်များအား ရွေးချယ်ကြသည်။ ယင်းနောက်ရွေးချယ်တင်မြှောက်ခြင်းခံရသော အမှုဆောင်သစ် (၇)ဦးနှင့် အသင်းသားစာရင်းစစ်(၂)ဦးက သဘာပတိရှေ့မှောက်တွင် ကော်မတီဖွဲ့စည်းကာ ကတိသစ္စာ ခံယူကြပြီးနောက်၊ ရွေးချယ်တင်မြှောက်ခံရသော အမှုဆောင်ကော်မတီဥက္ကဋ္ဌအသစ် ဦးသိန်းဝင်းက မိတ်ဆက်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience