သတင်း

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) UCMS ‌ဘောလုံးအသင်း ပြည်ထောင်စု ဝန်ကြီးဖလား ထိုက်တန်စွာ ဆွတ်ခူးရရှိ

2024-08-28

ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဖလား ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) UCMS ဘောလုံးအသင်းအား တာဝန်ရှိသူများက အကြိုဂုဏ်ပြုညစာစားပွဲနှင့် အသင်းနည်းပြ၊ လက်ထောက်နည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့သည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) UCMS ‌ဘောလုံးအသင်းသည် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားစဉ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အသင်းကို (၃ ဂိုး၊ ၁)ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိပြီး အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။

အကြိုဗိုလ်လုပွဲတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပွဲချိန်အတွင်း တစ်ဖက် (၁)ဂိုးစီဖြင့် သရေကျသဖြင့် ပင်နယ်တီအဆုံးအဖြတ် (၄ ဂိုး၊ ၃ ဂိုး) ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ ထိုက်တန်စွာ တက်ရောက်ခဲ့သည်။

ဗိုလ်လုပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအသင်းအား ( ၃ဂိုး၊ ၁ဂိုး) ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဖလားကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါသည်။

ပြိုင်ပွဲဝင်အားကစားသမားများသည် ဝန်ကြီးဌာနတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ယင်းပြိုင်ပွဲပြီး၍ ပြန်လည်ရောက်ရှိလာပါက ပြည်ထောင်စုဝန်ကြီးဖလားရရှိခဲ့သည့်  UCMS အသင်းအား တက္ကသိုလ်မှ ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience