သတင်း

မိတ္ထီလာမြို့နယ် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းကို ကတ္တရာလမ်းခင်းကျင်း

2024-08-29

မိတ္ထီလာ ဩဂုတ် ၂၈

       မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း ကတ္တရာလမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဆောင်ရွက်မှုပြီးစီးပါက မုန်ပင်ဆည်၊ ပျော်ကုန်း၊ အုတ်ဖို၊ ကန်တောင်၊ ထနောင်းတော ကျေးရွာများမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်သည်။

        အဆိုပါ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများသည် သြဂုတ် ၂၇ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

       ကတ္တရာလမ်းခင်းခြင်းကို  မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေသန်း ၁၆၉ ဒသမ ၂၆၀ ဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း- အုတ်ဖိုလမ်း အရှည် (၀/၄) မိုင် အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို မေ ၂၁ ရက်မှစတင်၍ မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience