သတင်း
သမဝါယမအသင်းသားများနှင့် အများပြည်သူများသို့ အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
2026-05-04
ရန်ကုန် ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန်နှင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ပေါင်းစပ်ညှိနှိုင်း ပေးမှုဖြင့် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ ၂၄ ပြည်ပါ ဆန် ၇၆၀ အိတ်၊ မြေပဲဆီ ၂၄၈ ပိဿာ၊ စားအုန်းဆီ ၁၇၁၀ ပိဿာတို့အား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအရောင်း ဆိုင်များတွင် သမဝါယမအသင်းသားများနှင့် အများပြည်သူများသို့ ပြင်ပပေါက်ဈေးထက် ချိုသာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။