သတင်း

မော်လမြိုင်မြို့နယ်၊ ကော့လှာကျေးရွာအုပ်စု၊ ဖဲထော်ကျေးရွာ၌ ရက် (၁ဝဝ) စီမံချက်ဖြင့် နွေစပါးရိတ်သိမ်းနေမှု ကြည့်ရှုစစ်ဆေး

2026-05-04

မော်လမြိုင် ဧပြီ ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့လှာကျေးရွာအုပ်စု၊ ဖဲထော်ကျေးရွာရှိ အိပ်မက်သစ် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အသင်းသား တောင်သူများ စိုက်ပျိုးထားသည့် နွေစပါး(၇၀) ဧက ရိတ်သိမ်းမှုအား မြို့နယ်ဦးစီးအရာရှိနှင့် အဖွဲ့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ သမဝါယမအသင်း၏ အသင်းသားတောင်သူများမှ နွေစပါးအဖြစ် GW-11 နှင့် YSR စပါးမျိုးများ စိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် အထွက်နှုန်း (၁၀ဝ) တင်းထွက်ရှိကြောင်းနှင့် လာမည့် မိုးစပါးသီးနှံကိုလည်း ရက်(၁၀၀)စီမံချက်အနေဖြင့် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရ သည်။

ခင်စန်းမြင့် (ပြန်/ဆက်)

မွန်ပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience