ဒေါပုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
2024-08-27
ဒေါပုံ သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၂၅ ရက်က ရွှေယမုံခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းစုဥက္ကဋ္ဌ ဦးဘုန်းနိုင်က ဆောင်ရွက်ခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေသူမြင့်က သမဝါယမဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် သဘာပတိ၏ အတည်ပြုချက်များကို ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမအသင်းဝင် အသင်းသားများအား အစုပေါ်အမြတ်များကို တာဝန်ရှိသူများက ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)