သတင်း

စေတုတ္တရာမြို့နယ်တွင် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

2026-05-04

စေတုတ္တရာ ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်းသားရရှိရေး သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်က သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးဟောပြောပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၇၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းကိုကို(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience