သတင်း

ငပုတောမြို့နယ်၊ ပညာရေးငွေစုငွေချေးသမဝါယမအသင်း အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနား ကျင်းပ

2024-08-27

ငပုတော ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ပညာရေးငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်အရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ငပုတောမြို့နယ်အထက်တန်းကျောင်း(နဝရတ်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချူပ်ဘဏ္ဍာရေးရှင်းတမ်းများအား ဘဏ္ဍာရေးနှစ် အလိုက် ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့်အသင်းသားများအား တစ်ဦးလျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့် အသင်းသားဦးရေ ၃၃၀၀ အတွက် ငွေကျပ် ၂၃၁ သိန်း၊ စုဆောင်းပေါ်အတိုး ငွေကျပ် ၁၂၅၈.၂၉၄ သိန်း၊ အသင်းသားများ၏သားသမီးများအား ထူးချွန်ဘာသာရပ်အလိုက် ဂုဏ်ပြုဆုများချီးမြှင့်ပေးခြင်းနှင့် အစုပေါ်အမြတ်ငွေကျပ် ၁.၅၄၃ သိန်း ထုတ်ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience