သတင်း

လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာ၌ RBF စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

2026-04-28

လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာ၌ RBF စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

လှိုင်းဘွဲ ဧပြီ ၂၈
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး​ဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် နောင်တိုင်ကျေးရွာအုပ်စု၊ မဲဆမိတ်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်၊ လုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ​ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဧပြီ ၂၇ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          ရှေးဦးစွာ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
           ဆက်လက်၍ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက စီမံကိန်းအကြောင်းအရာများ၊ ကော်မတီရွေးချယ်ဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားသည်။
         ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက စီမံကိန်းလုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်နိုင်မည့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ငါးဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
       
         
ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience