သတင်း

ဘားအံမြို့နယ် ကော့မတလိန်ကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

2026-04-29

ဘားအံမြို့နယ် ကော့မတလိန်ကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

*********************************************
ဘားအံ ဧပြီ ၂၉
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့မတလိန်ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဧပြီ ၂၈ရက် နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          ရှေးဦးစွာ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ စီမံကိန်းတွင် လိုက်နာရမည့် မူဘောင်ကို ရှင်းလင်းပြောကြားသည်။
         ဆက်လက်၍ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာလီထွန်းက စီမံကိန်းလက်စွဲပါ ကော်မတီဝင်ရွေးချယ်ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောကျေးရွာသူ၊ ကျေးရွာသားများက စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
        အဆိုပါ ကော့မတလိန်ကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ် ၁၅သန်းဖြင့် ကျေးရွာမှရွေးချယ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ဦးစားပေးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ခရိုင်၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။
       
ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience