သတင်း

ဇလွန်မြို့နယ် ကျေးရွာနှစ်ရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

2026-04-29

ဇလွန်မြို့နယ် ကျေးရွာနှစ်ရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

*********************************************
ဇလွန် ဧပြီ ၂၉
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် သရက်တပင်(မြောက်)ကျေးရွာနှင့် ဆပ်အိုင်ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဧပြီ ၂၈ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          ရှေးဦးစွာ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေမျိုးဟန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကြောင်းအရာများ၊ စီမံကိန်းတွင် လိုက်နာရမည့် မူဘောင်များနှင့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
         ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းလက်စွဲပါ ကော်မတီဝင်ရွေးချယ်ဖွဲ့စည်းရာတွင် လိုက်နာရမည့်အချက်များ၊ ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ၊ ကျေးရွာသူ၊ ကျေးရွာသားများမှ ပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
         ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသောကျေးရွာသူ၊ ကျေးရွာသားများက စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးစီကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
       
နော်လူး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience