သတင်း

ဒုတိယဝန်ကြီး ဦးမြင့်စိုး ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများ ကြည့်ရှုအားပေး

2024-08-26

နေပြည်တော် ဩဂုတ် ၂၆

မကြာမီကျင်းပတော့မည့် ဝန်ကြီးဌာနတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် အမျိုးသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲများတွင် အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်လျက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက် ရှိရာ ဦးစီးဌာန(၄)ခုမှ အသင်း (၄) သင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တို့မှ အသင်း (၂) သင်း၊ စုစုပေါင်းအသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ကစားလျက် ရှိပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ညနေပိုင်း ကျင်းပပြုလုပ်သည့် ပထမအကြိုဗိုလ်လုပွဲ၊ ပွဲစဉ်ဖြစ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို လည်းကောင်း၊ ဒုတိယအကြိုဗိုလ်လုပွဲ၊ ပွဲစဉ်ဖြစ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) အသင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို လည်းကောင်း တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience