သတင်း

‌ကျောက်တန်းမြို့နယ် ကြံပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

2026-04-24

‌ကျောက်တန်းမြို့နယ် ကြံပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

‎===============================================================

‎ကျောက်တန်း               ဧပြီ                  ၂၄

‎‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက Exit Strategy စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ကြံပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

‎‎ရှေးဦးစွာ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုယ်ထူ ကိုယ်ထဆောင်ရွက်နိုင်သော ကျေးရွာအဖြစ်သတ်မှတ်၍ Exit Strategy စနစ်အား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပြော ကြားသည်။

‎‎ထို့နောက် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများက ကြံပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်း Exit Strategy စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၅ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၁ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး၊ စုစုပေါင်း ၁၄၀ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ် ၄၃ ဒသမ ၁၅ သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ၁၄ ကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

‎‎ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သန်းပေါင်း သုံးထောင်ကျော်ကို အတိုးနှုန်းသက်သာစွာထုတ်ချေးပေးထားပြီး အဆိုပါစီမံကိန်းအတိုးရငွေများဖြင့် လမ်း/တံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ခန်းမဆောင်နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းပေါင်း ၈၀ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience