သတင်း

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရက်ပေါင်း (၁၀၀) အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများရှင်းလင်းပွဲကျင်းပ

2026-04-23

နေပြည်တော် ဧပြီ ၂၃

          သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနရှိ အရာထမ်းအမှုထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ အပေါ်ထပ်ဆင့် ရှင်းလင်းခြင်းနှင့် ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ သမဝါယမစနစ်ဖြင့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရန် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience