သတင်း

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မြန်မာနှစ်သစ်ကူးအကြို အထိမ်းအမှတ် စတုဒိသာကျွေးမွေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း

2026-04-10

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ မြန်မာနှစ်သစ်ကူးအကြို အထိမ်းအမှတ်အနေဖြင့် (၇-၄-၂၀၂၆)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ တက္ကသိုလ်ရှိ ဆရာ၊ဆရာမ၊ ဝန်ထမ်းများအားလုံးကို ရွှေရင်အေးစတုဒိသာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်  ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ မကြာမီကျရောက်မည့် မြန်မာနှစ်သစ်ကူးအခါကာလတွင် ဝန်ထမ်းမိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ၍ စိတ်နှလုံးအေးချမ်းသာယာရှိကြပါစေဟု ဆုတောင်းမေတ္တာပို့ပြီး ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေး(၁၁)ဌာနမှ ဌာနမှူးများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများနှင့် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများတက်ရောက်၍ ဆရာ၊ဆရာမ ဝန်ထမ်းများ(၂၂၆)ဦးနှင့် နေ့စားဝန်ထမ်း(၁၀)ဦး၊ စုစုပေါင်း(၂၃၆)ဦးအား သင်္ကြန်မုန့်ဖိုးအဖြစ် တစ်ဦးလျှင် ကျပ်(၂၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ကျပ်(၄,၇၂၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience