မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေး
2026-04-10
မောက်မယ် ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့အထိ ၆ လအတွက် ဝန်ထမ်းများမှ စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် မြို့နယ်အတွင်းရှိ ငွေလမင်းဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်အသင်းသားများ ဝန်ထမ်းပေါင်း ၄၂၀ ဦးအတွက် စုဆောင်းငွေအတိုး ၁၄၉၉၃၅၀၀ ကျပ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် နှင့် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးတို့က ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများထံသို့ အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်
ရှမ်းပြည်နယ်