သတင်း

မြန်အောင်မြို့နယ် သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

2026-04-07

မြန်အောင် ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ ကို ဧပြီ ၄ ရက်နေ့ နေ့လည်က မြို့နယ်သမဝါယမအသင်းစုအစည်းဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဧရာဝတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း က မြန်အောင်မြို့နယ်အတွင်း ကျေးရွာ(၁၈)ရွာရှိ ဆီထွက်သီးနှံမြေပဲစိုက်ပျိုးသည့် သမဝါယမ အသင်းသားတောင်သူများအား အထွက်တိုးမျိုး(မိုးမြေပဲ)နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦး‌နေမင်းထွန်းက မြို့နယ်အတွင်းမြေပဲ စိုက်ပျိုးမှု၊ အထွက်နှုန်းအခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းသူတို့က အထွက်တိုးမျိုး(မိုးမြေပဲ)နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကျေးရွာ ၁၈ ရွာရှိ သမဝါယမအသင်းသား တောင်သူ(၁၃၀)ဦး၏ မြေပဲစိုက်ဧက(၂၆၀)အတွက် (သတ္တမအကြိမ်) တိုင်းဒေသကြီးဘတ်ဂျက် ရန်ပုံငွေ ကျပ်သိန်း(၇၈၀)ဖြင့် တစ်ဧကလျှင် ကျပ် ၃ သိန်းနှုန်းနှင့်ညီမျှသော အထွက်တိုးမျိုး (မိုးမြေပဲ)နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience