သတင်း

မှတ်ပုံတင်လုပ်ငန်းများကြီးကြပ်စိစစ်ရေးအဖွဲ့အစည်းအဝေးပြုလုပ်

2026-03-11

နေပြည်တော်၊ မတ် ၁၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မှတ်ပုံတင်လုပ်ငန်းများကြီးကြပ်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၁/၂၀၂၅-၂၀၂၆) ကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

          အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်အမှာစကားပြောကြားပြီး စီမံကိန်းဌာနခွဲ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးတင်ပြလာသော မှတ်ပုံတင်လုပ်ငန်း (၆၃) စောင်ကို စိစစ်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်က ခွင့်ပြုပေးခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience