သတင်း

မြောင်းမြမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

2026-03-09

မြောင်းမြ မတ် ၇

            (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၁၂ ဒသမ ၅၀၀သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ပဆင - သိလ္လာချောင်းဖျားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ကြည့်ရှုစစ်ဆေး

             ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းက လမ်းဖွင့်ပွဲ အမှတ်တရလက်ဆောင် ပစ္စည်းများကို ပြန်လည်ပေးအပ်ကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

              အဆိုပါလမ်းသည် အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မရှိပြီး ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၉၄၅ အိမ်ရှိ လူဦးရေ ၅၉၈၇ ဦးအား အကျိုးပြုသော လမ်းဖြစ်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience