သတင်း
ရေကြည် မြို့နယ်၌ ၆၄ နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် သရက်ပင်လှကျေးရွာ ကုန်ထုတ်လမ်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖွင့်လှစ်
2026-03-06
ရေကြည် မြို့နယ်၌ ၆၄ နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် သရက်ပင်လှကျေးရွာ ကုန်ထုတ်လမ်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖွင့်လှစ်
ရေကြည် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ၆၄ နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီက မြတ်တိုကျေးရွာအုပ်စု၊ မဲဇလီကုန်းကျေးရွာ ကုန်ထုတ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်တို့က မယ်ဇလီကုန်းကျေးရွာ ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြပြီး အဆိုပါ ကုန်ထုတ်လမ်းသစ်ကို တိုင်းေဒသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက လှည့်လည်ကြည့်ရှူ့စစ်ဆေးကြသည်။
အဆိုပါ မယ်ဇလီကုန်းကျေးရွာ၌ လမ်းအရှည် ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မရှိ မြေရောကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၉ သန်း ဖြင့် ဝင်းထိုက်ကျော်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေထံမှ သိရသည်။
ဇင်မာ