သတင်း

ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်

2026-03-03

နေပြည်တော် မတ် ၃

          (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ် အပိုင်း(၁) အရှည် (၁) မိုင် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်သည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကုန်ထုတ် လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ကုန်ထုတ် လမ်းသစ်အား လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          အဆိုပါ ကုန်ထုတ်လမ်းသစ်အပိုင်း(၁) အရှည်(၁) မိုင် ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာရှိ အိမ်ခြေ (၃၅၈) အိမ်၊ လူဦးရေ (၁၅၀၈) ဦးနှင့် စိုက်ပျိုးမြေ (၂၅၂) ဧကကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience