သတင်း

မင်းလှမြို့နယ်၌ တော်တမံ - ပျဉ်ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး

2026-03-03

မင်းလှ မတ် ၁

      ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တာဝန်ယူ ဆောင်ရွက်သည့် တော်တမံ- ပျဉ်ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင်နှင့် မင်းလှမြို့နယ်တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံး ငွေရင်း) ရန်ပုံငွေဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သည့် တော်တမံ - ပျဉ်ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience