သတင်း

ဘုတ်ပြင်းမြို့နယ် ကွန်ကရစ်တံတား တည်ဆောက်ခြင်း ကြည့်ရှုစစ်ဆေး

2025-12-02

ဘုတ်ပြင်း နိုဝင်ဘာ ၃ဝ

        ဘုတ်ပြင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အုန်းတောကမ်းကျေးရွာ တွင်း လမ်းပေါ်ရှိ ၂၀ ပေ (6.1 m) ကွန်ကရစ် တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

       ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေနှင့် ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ဦးစီးအရာရှိ(မြို့ပြ) တို့သည် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို စစ်ဆေးပြီး သတ်မှတ်အရည်အသွေးနှင့် ဒီဇိုင်းများ ပြည့်မီအောင် ဆောင်ရွက်ရန်နှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ စီးပွားရေး ပိုမိုအဆင်ပြေ ချောမွေ့စေရေး သတ်မှတ်ကာလအတွင်း ဆောင်ရွက် ကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ကိုလှိုင်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience