သတင်း

မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်လမ်းခင်းနေမှု ကွင်းဆင်းစစ်ဆေး

2025-09-22

မိတ္ထီလာ စက်တင်ဘာ ၂ဝ

             မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၈ ရက် နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညှိနှိုင်းဆောင်ရွက်

         မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ရွာ သွားလမ်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံ ငွေကျပ်သန်း ၁၃၅ ဒသမ ၃၂၀ ဖြင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီ က အရှည် ၀/၂ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မရှိ ကွန်ကရစ်လမ်းအား ဇွန် ၁၁ ရက်မှ စတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၎င်းကွန်ကရစ်လမ်းခင်းနေမှုကို မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience