သတင်း

ဥတ္တရသီရိမြို့နယ် မသိမ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

2025-09-23

ဥတ္တရသီရိမြို့နယ် မသိမ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး လက်ရှိမြေပြင်အခြေအနေများကို စက်တင်ဘာလ (၂၂)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် ဥတ္တရသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်မွန်နှင့် တာဝန်ရှိသူများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ  ကျေးရွာရပ်မိရပ်ဖများနှင့်အတူ မသိမ်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း စတင်ဖောက်ပေးနိုင်ရေး လက်ရှိမြေပြင်အနေများ ကွင်းဆင်းတိုင်းတာကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ကုန်းရွာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် နှစ်မိုင် လေးဖာလုံ အကျယ် ၁၂ ပေ အမြင့် ရိစာကိုးလက်မထုခင်းခြင်းလုပ်ငန်းနှင့် Slab Culvert  တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်  ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၈၃ ဒသမ ၅၃ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ဇူလိုင်လစတုတ္ထအပတ်မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၅၀၄၊ လူဦးရေ ၁၂၉၆ ဦးတို့၏ စိုက်ပျိုးမြေဧက ၃၀၀ ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးထံမှ သိရသည်။

သူသူငြိမ်း

အခြားသတင်းများ
DRD Smart Village
Install App for Better Experience