သတင်း

ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းသို့ ကွင်းဆင်းကြည့်ရှု

2025-09-23

ဘားအံ စက်တင်ဘာ ၂၂

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေရယူပြီး လုပ်ငန်း လည်ပတ်ဆောင်ရွက်နေသော ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်း၏ အသင်းသား ဦးမောင်မောင်ကျော်ဆန်စက်သို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇာသပြင်ကျေးရွာ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းသား ဦးမောင်မောင်ကျော်၏ ဆန်စက်တွင် တစ်ရက်ပျှမ်းမျှစပါးတင်း (၄၀၀)ခန့် ကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်ပေးလျက်ရှိပြီး အသင်းအနေဖြင့် စပါးများဝယ်ယူ၍ ကြိတ်ခွဲရောင်းချခြင်း၊ အသင်းသားတောင်သူများ စိုက်ပျိုး ထားသော စပါးများ စပါးပေါ်ချိန်တွင် ဈေးနှိမ်မခံရစေရေး ပေါက်ဈေးဖြင့်ဝယ်ယူ၍ ကြိတ်ခွဲ ရောင်းချခြင်းများကို ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများက အရည်အသွေးပြည့်မီသည့်ဆန်စပါး များ သတ်မှတ်ချက်များနှင့်အညီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေး၊ အချိန်အတွယ်နှင့် အလေးချိန် ပြည့်မီ မှန်ကန်စွာထုတ်ပိုးရောင်းချစေရေး၊ ကြိတ်ခွဲရာမှထွက်ရှိလာသော ဖွဲနုများကို တိရစ္ဆာန်အစာ အဖြစ် ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊ ထွက်ရှိလာသောဆန်များကို သမဝါယမအသင်းသားများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ စေရေး၊ သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ရောင်းချဆောင်ရွက်နိုင်ရေး၊ ဆန်ကြိတ်ခွဲ ဆောင်ရွက်နေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်များအပေါ် ဆွေးနွေးညှိနှိုင်းဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience