သတင်း

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

2025-09-18

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

‎*********************************

‎ဘုတ်ပြင်း      စက်တင်ဘာ      ၁၈

‎‎တနင်္သာရီတိုင်းတနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍  ကျေးရွာပေါင်း ၂၄ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အေးချမ်းမြိုင်-၁ကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက စက်တင်ဘာလ ၁၇ ရက်နေ့က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦး၊ ဘုတ်ပြင်းမြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည်  မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အေးချမ်းမြိုင်-၁ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အခြားအသေးစားစီးပွာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်း ဆိုင်ရာ စာရင်းဇယားများဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကစတင်၍ ငွေကျပ်သန်း ၃၀ မတည်ပေးခဲ့ပြီး ယခုအခါ ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အခြားအသေးစားစီးပွာရေးလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း စီမံကိန်းအသင်းဝင် ၃၇ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၅ ဒသမ ၂ သန်းကိုအတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးထားပြီး အဆိုပါချေးငွေများဖြင့် ဝင်ငွေတိုး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှများစွာ အထောက်အကူပြုကြောင်း ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience