သတင်း

ငဖဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများသို့ ဓါတ်မြေဩဇာသွင်းအားစုများ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်

2025-09-19

ငဖဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများသို့ ဓါတ်မြေဩဇာသွင်းအားစုများ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်

‎‎ငဖဲ    စက်တင်ဘာ    ၁၉

‎‎မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ဓါတ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းများကို တာဝန်ရှိသူများက စက်တင်ဘာ ၁၉ ရက်က ကွင်းဆင်းဆောင်ရွက်ပါသည်။

‎‎ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေနှင့် တာဝန်ရှိများက ‌ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် အကျုံးမဝင်သော မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးရာသီ အချိန်မီအသုံးပြုနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးတို့အတွက်လိုအပ်သော ဓါတ်မြေဩဇာသွင်းအားစုများကို သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခြင်းများပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

‎‎ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မြို့နယ်ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ဓါတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ယူရီးယားဓါတ်မြေဩဇာ ၄၈၀ အိတ်ကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

‎‎ဇင်မာ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience