သတင်း

ဘားအံမြို့နယ် နိုင်းကြာကျေးရွာ၌ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

2025-09-19

ဘားအံမြို့နယ် နိုင်းကြာကျေးရွာ၌ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

************************************************************************

ဘားအံ၊ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် နိုင်းကြာကျေးရွာ၌ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၁၉ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နန်းအဲဖောင်အွာနှင့် ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ နိုင်းကြာကျေးရွာ၌ အကျယ်လေးလက်မခွဲ၊ အနက်ပေ၂၀၀ရှိ တွင်းတိမ်တူး‌ဖော်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ ရေစင်တည် ဆောက်ခြင်း၊ ရေစင်အောက်ခန်းဖွဲ့ခြင်း၊ ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးအရာရှိ (နည်းပညာ)က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန်  ဆွေးနွေးမှာကြားခဲ့သည်။

နိုင်းကြာကျေးရွာ၌ အဆိုပါ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၅၄ ဒသမ ၂၅သန်း အသုံးပြုကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကော်မတီစုဖွဲ့၍ ယခုနှစ် မေလ ၅ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နန်းအဲဖောင်အွာထံမှ သိရသည်။

ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience