သတင်း

အောင်လံမြို့နယ် မိုးနှောင်းဝါနှင့် မိုးစပါးစိုက်ပျိုးထားရှိမှု ကွင်းဆင်းစစ်ဆေး

2025-09-17

အောင်လံ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် သမဝါယမကဏ္ဍမှ မိုးနှောင်းဝါစိုက်ဧက (၄၀၀၀) အကောင်အထည်ဖော်လျက်ရှိရာ ရေပေါ်ကျေးရွာ၊ ရေပေါ်စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်း အသင်းသားတောင်သူ ဦးအောင်ခင်၏ TBL-195 ဝါစိုက်ခင်းနှင့် အသင်းသား ဦးစိန်သောင်း B31 ဝါစိုက်ခင်းတို့၏ စိုက်ပျိုးထားရှိမှု အခြေအနေများအား သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး၊ အထွက်တိုး မျိုးများဖြစ်သည့် TBL-195၊ B31၊ Rakka 666 မျိုးများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ သက်တံ့ရောင်စီမံကိန်းဖြင့် မိုးစပါးစိုက်ဧက (၁၁၀) ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းကျော်တန်ဖိုးရှိသော အောင်နိုင်တိုးမျိုးစပါးနှင့် မြေဩဇာများ ပံ့ပိုးပေးထားသည့် ရွာထောင်မျိုးစေ့ထုတ် သမဝါယမအသင်းအမှုဆောင်အဖွဲ့နှင့်လည်ကောင်း၊ စိုက်ဧက (၂၂၂)ဧက အတွက် ဆာဖိုးသာမျိုးနှင့် မြေဩဇာများပံ့ပိုးပေးထားသော နံဇူပင်စိုက်ထွေသမ ဝါယမအသင်းမှ အသင်းသား(၉၀)ဦးနှင့်လည်းကောင်း တွေ့ဆုံ၍ သက်တံ့ရောင်စီမံကန်းဆိုင်ရာ အချက်အလက် များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ အသင်းသား ဦးစိုးဝင်းနှင့် ဦးထွန်းသန်းတို့၏ မိုးစပါး၊ ဆာဖိုးသာစိုက်ပျိုးထားသော စိုက်ကွင်းတို့အား ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience